Search

Crazy Eights (Uno)


သင်သိပြီးပြီလား? ပုံမှန် ၅၂ ကဒ်ဖဲထုပ်လေးကို UNO game ပုံစံလေး ဆော့လို့ရတယ်ဆိုတာ… ထို game လေးကို Crazy 8s လို့ခေါ်ပါတယ်။

Objective: Crazy 8s ရဲ့ game goal လေးကတော့လက်ထဲက ကဒ်ကုန်အောင်ချနိုင်ရင်နိုင်ပါတယ်။ နောက်ဆုံး၁ကဒ်မချခင် one card လိုခေါ်ပါနော်။ Player one card လိုမခေါ်ပါက ၃ ကဒ်ဆွဲရမည်။

Setup: Player ၂ယောက်မှ ၅ယောက်ဆော့ရင် ဖဲတစ်ထုပ်ဆိုရပါပြီ ၅ယောက်ကျော်ရင်တော့ ဖဲနှစ်ထုပ်သုံးပေးပါနော်.. ကဲ စဆော့ကြည့်ရအောင်… ဖဲကဒ်လေးတွေအားလုံးကို shuffle လုပ်ပြီး Player ၂ယောက်ထဲကစားရင် တစ်ယောက်ကို ဖဲ ၇ ကဒ် ဆွဲပေးပါ ၂ယောက်အထက်ဆိုရင်တော့ တစ်ယောက် ၅ကဒ်ပဲနော်။ Deck ထဲက ပိုနေတဲ့ကဒ်တွေကို အလယ်မှာ facedown ချထားပါ ထို deck အပုံမှ အပေါ်ဆုံးကဒ်ကို ဆွဲပြီး ပွဲပြီးသည်အထိ ဆော့သွားမှာ ဖြစ်ပါတယ်။ Crazy 8s ဆိုတော့ ပွဲအစကို ဖဲ နံပါတ် 8 နဲ့စလို့မရပါဘူးနော် အကယ်၍ deck ထဲကဆွဲလိုက်တဲ့ ကဒ်က 8 ဖြစ်နေရင် deck အလယ်ထဲကိုပြန်ထိုးထည့်လိုက်ပါ အပေါ်ဆုံးက နောက်တစ်ကဒ် ထပ်ဆွဲပြီး ပွဲကိုစပါနော်… ကစားနည်းကတော့ UNO အတိုင်းပါပဲ၊ ဖဲကဒ် နံပါတ် တူ (သို့) suit တူ တာကို တစ်ယောက်တစ်လှည့်ဆီချသွားပေးပါ။ အချို့ power effect ရှိတဲ့ ကဒ်တွေကို အောက်မှာ ပြောပြထားပါတယ်နော်။

Power Cards:

Queens = Skip (ကျော်) Ace = Reverse (ပြောင်းပြန်) Two = +2 (အလှည့်ကျော်ပြီးနောက်player 2 ကဒ်ဆွဲ) (အကယ်၍ သင့်မှာလည်း 2 ရှိလျှင် ဆက်ချပါ၊ သင့် အောက်အိမ် player က သင့်အစား ၄ကဒ်ဆွဲပေးပါလိမ့်မယ်) Eight = Wild (သင်ကြိုက်ရာSuitခေါ်ပါ) (ဒီ game မှာ 8 ကဒ်က joker ကဒ်လိုပါပဲ သင့်ဆီမှာ နံပါတ်တူ (သို့) suit တူ ကဒ်မရှိလျှင် 8 ကဒ်ကို ချနိုင်ပါတယ်) Drawing a card; အကယ်၍ သင့်လက်ထဲမှာ ချစရာ ကဒ်မရှိပါက အလယ် deck ထဲမှ နံပါတ်တူ (သို့) suit တူကဒ် မရမချင်း ၃ကဒ်အထိဆွဲပါ။ ၃ကဒ်မြောက်အထိ မတူသေးလျှင် ထပ်ဆွဲရန်မလိုတော့ပါ၊ နောက် player အလှည့်ရောက်ပါပြီ… အလယ်က deck အပုံ ကုန်သွားပြီဆိုလျှင် player လက်ထဲက ကဒ်တွေနဲ့ပဲဆော့ရတော့မှာပါ အကယ်၍ ချစရာ ကဒ်မရှိလျှင် pass လိုက်ပါ။ အကယ်၍ player အားလုံး ချစရာ ကဒ် မရှိတော့လျှင် ပွဲသိမ်းပြီး ကျန်တဲ့ ကဒ်တွေရဲ့ value နဲ့ အမှတ်ပေါင်းပါ။ ပျမ်းမျှအားဖြင့်၃-၄ ပွဲလောက်ဆော့ပါ။ အမှတ်၁၀၀ပြည့်ပါက အမှတ်အနည်းဆုံးရှိတဲ့ player နိုင်ပါတယ်။

Scoring:

1) Ace = 1 Points 2) 2 - 10 = Face Value Ex: 5 = 5 Points. 3) J/Q/K = 10 Points 4) 8 = 50 Points

0 views
  • Black Facebook Icon
0