Search

How to play UNO


How to play UNO

အားလုံးမေးနေကြတဲ့ official UNO ကစားနည်း တင်ဆက်ပေးလိုက်ပါပြီ။

Setup: players နှစ်ယောက်ကနေ တစ်ဆယ်ယောက်ထိ ကစားလို့ရပါတယ်။ deck ကို shuffle ၍ player တစ်ယောက်ကို 7 cards ဝေပါ။ deck အပေါ်ဆုံး card ကို face up လှန်၍ discard pile ထဲတွင်ထားပါ။

Goal: Games ရဲ့ goal ကတော့လက်ထဲမှာရှိတဲ့ cards တွေအကုန် ရှင်းရမှာပါ။ cards တွေအရင်ကုန်အောင် ပထမဆုံးရှင်းနိုင်တဲ့သူက အမှတ်ရရှိမှာဖြစ်ပါတယ်။

Gameplay: မိမိအလှည့်တွင် discard pile အပေါ်ဆုံးက card နှင့် color တူသော card မဟုတ်ရင် number တူသော card ချရပါမယ်။ ထိုသို့တူသော card မရှိပါက သို့မဟုတ် လက်ထဲတွင်ရှိသော card ကိုမချချင်ပါက deck အပေါ်ဆုံးက card ကိုဆွဲရပါမယ်။ ဆွဲပြီးပါကထို card က discard pile နှင့် အရောင်တူ နံပတ်တူဖြစ်ပါက ချလို့ရပါတယ်။

သင့်လက်ထဲတွင် တစ် card ထဲကျန်ပါက UNO ဟုအော်ရပါမည်။ သင် မအော်မိပါက တခြားသူက ဖမ်းမိပါက သင်သည် ၂ cards ဆွဲရပါမည်။

Action cards


Reverse: ကစားနေတဲ့ player order ပြောင်းပြန်ပြောင်းသွားပါသည်။ လက်ယာရစ် သွားနေပါက လက်ဝဲရစ် ပြောင်းလိုက်ပါ။

Skip: သင့်အောက်အိမ်က player သည် တစ်လှည့်ကျော်ရပါမည်။

Draw two: သင့်အောက်အိမ်ကသူသည် နှစ် cards ဆွဲ၍ တစ်လှည့်ကျော်ရပါမည်။

Wild:wild သည် joker သဘောဖြစ်၍ မည်သည့် card ပေါ်တွင်မဆို ချ၍ ရပါသည်။ ထို့နောက် သင်သည် wild ကို မည်သည့်အရောင်


ဖြစ်သည်ဆိုတာကို ကြေညာပါ။

Wild draw four: ထို card သည် wild နှင့်ဆင်တူပါသည်။ သင့်အောက်အိမ်ကသူသည် 4 cards ဆွဲ၍ အလှည့်ကျော်ရပါမည်။ သို့သော် သင့်လက်ထဲတွင် တခြား ရွေးချယ်စရာ မရှိတော့မှ wild draw four ကို ချလို့ရပါမည်။ wild draw four ကို ချပါက အောက်အိမ်ကလူသည် သင့်ကို challenge လုပ်လို့ရပါသည်။ သင့်လက်ထဲက cards တွေကိုထိုသူကိုပြလိုက်ပါ။ သင်မှားပါက သင်သည် 4 cards ဆွဲရပါမည်။ သင်မှန်ပါက ထိုသူသည် 6 cards ဆွဲ၍ အလှည့်အောက်ရပါမည်။

Scoring

player တစ်ယောက်လက်ထဲတွင် 1 card မှမရှိတော့ပါက ထိုသူသည် ဒီ round ကို အနိုင်ရရှိသွားပါပြီ။ ကျန် player အားလုံးလက်ထဲက cards တွေအားလုံးကိုယူ၍ အောက်ပါ အတိုင်း အမှတ်ရယူလိုက်ပါ။

Number cards တွေသည် နံပတ်အတိုင်းအမှတ်ရရှိပါသည် ( 8 ဆိုရင် 8 မှတ်)

Draw two, reverse, skip = 20 မှတ်

Wild, wild draw four = 50 မှတ်

Scoring ပြီနောက် player တစ်ယောက် အမှတ် ၅၀၀ ပြည့်ပါက အနိုင်ရရှိပါပြီ။ သို့မဟုတ်ပါက next round ပြန်လည်စတင်ပါ။

Basic strategy and thoughts

အဓိကကတော့ သူများ မချနိုင်တဲ့ နံပတ်နဲ့ အရောင်တွေကို မှတ်ထားဖို့ပါပဲ။ လူအများကြီးကို လိုက်မှတ်စရာမလိုပါဘူး။ မိမိရဲ့ အပေါ်အိမ်နဲ့ အောက်အိမ်ကိုပဲမှတ်ပါ။ ဥပမာ သင့်အောက်အိမ်က red 7 တုန်းက မချန်ိုင်ပဲ draw ရရင် သင်နောက်တစ်ခါ wild card ချပါက red ထပ်ခေါ်သင့်ပါသည်။

Scoring ကိုဘာလို့အသုံးပြုစေချင်သလည်း ဆိုရင် သင့်ကို risk/reward ရွေးခိုင်းပါတယ်။ ဥပမာ player တစ်ယောက်က အနိုင်ရသွားပြီး သင့်လက်ထဲမှာ ၃ cards ကျန်တယ်ဆိုပါတော့။ ထို ၃ cards သည် 2, 5, 9 number cardတွေ ဖြစ်ပါက အနိုင်ရ player သည် 16 မှတ်ပဲရရှိမှာဖြစ်ပါတယ်။ အဲလိုမဟုတ်ပဲ သင့်လက်ထဲက cards တွေက wild, reverse, skip ဆိုပါက အနိုင်ရ player သည် အမှတ် 90 ရမှာပါ။


0 views
  • Black Facebook Icon
0