Search

Twilight Imperium 4th edition (First Look)



Rulebook ဖတ်ပြီးနောက်မှာ 3rd edition နဲ့ 4th edition ကွာခြားချက်လေးတွေကို အကြမ်းအားဖြင့် နှိုင်းယှဉ် သုံးသပ်းပေးပါမယ်။ အရမ်းကြီး မကွာခြားတဲ့အတွက် 3.5 edition လို့ပြောရင်ပိုမှန်ပါလိမ့်မယ်။ ဒါပေမယ့် ပြင်တဲ့အရာတွေက မလိုတဲ့ rules တွေဖြုတ်ပြီး game ကို ရှင်းရှင်းပြင်ထားတာကို တွေ့ရပါတယ်။ game က speed up ဖြစ်မယ်လို့ထင်ပါတယ်။

ပြင်ထားတဲ့ အထဲက သဘောအကျဆုံးအချက်က technology ပါ။ အရင်ကလို မျက်စိနောက်ပြီး practical မကျတဲ့ tech tree ကို ဖြုတ်လိုက်ပါပြီ။ အဲ tech tree က ဆော့ချိန်ကြာစေတဲ့ အဓိက အကြာင်းအရင်းပါပဲ။ technology research လုပ်မယ်ဆိုရင် စာအုပ်ကြီးလှန်ပြီး အချိန်အရမ်းကုန်ပါဆယ်။ အခုကျတော့ prerequisites တွေကိုရှင်းရှင်းလင်းလင်း လုပ်ထားပါတယ်။

နောက်တစ်ခုက playable factions တွေ ၁၆ ခုတောင် ပါပါတယ်။ race တွေက play style တွေမတူပါဘူး။ warfare အားသန်တဲ့ race၊ trading အားကောင်းတဲ့ race၊ သူများ technology လိုက်ခိုးတဲ့ race၊ အားနေကလေးတွေ တပြွတ်ပြွတ်မွေးတဲ့ race တွေပါပါတယ်။

Trade goods နဲ့ agenda phase တွေပြင်ထားတာသဘောကျပါတယ်။ လက်တွေ့မှာတော့ သဘောကျမကျ ဆိုတာကတော့ ဆော့ပြီးမှသိတာပေါ့။


0 views
  • Black Facebook Icon
0